Latest Article Get our latest posts by subscribing this site
အမေနှင့် အမေအကြောင်း (ချစ်စံဝင်း)
Posted by eh soe
Posted on 6:22 AM
with No comments
စာအုပ်အမည် – အမေနှင့် အမေ့အကြောင်း
ရေးသားသူ – ချစ်စံဝင်း
အမျိုးအစား – အမှတ်တရ ၊ မှတ်တမ်း
အမေနှင့် အမေအကြောင်း (ချစ်စံဝင်း) Download Here
About these ads

သီပေါမင်းပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား)
Posted by eh soe
Posted on 6:19 AM
with No comments
စာအုပ်အမည် – သီပေါမင်းပါတော်မူပုံ အရေးတော်ပုံ
ရေးသားသူ – ဦးဖိုးကျား
အမျိုးအစား – သမိုင်း ၊ မှတ်တမ်း
သီပေါမင်းပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား) Download Here
About these ads
ရေးသားသူ – ဦးဖိုးကျား
အမျိုးအစား – သမိုင်း ၊ မှတ်တမ်း
သီပေါမင်းပါတော်မူ အရေးတော်ပုံ (ဦးဖိုးကျား) Download Here
About these ads
ငါတို.ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ (ဦးပုကလေး)
Posted by eh soe
Posted on 6:17 AM
with No comments
စာအုပ်အမည် – ငါတို.ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ
ရေးသားသူ – ဦးပုကလေး
အမျိုးအစား – သမိုင်း ၊ မှတ်တမ်း
ငါတို.ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ (ဦးပုကလေး) Download Here

အသည်းရောဂါသည်များကို အခမဲ့စမ်းသပ်ကုသပေး
Posted by eh soe
Posted on 6:06 AM
with No comments
ယကနပါလ အသည်းစောင့်ရှောက်မှုအစုဖွဲ့က အသင်းတည်ထောင်တာ ၁
နှစ်ပြည့် အထိမ်းမှတ်အနေနဲ့ မန္တလေးမြို့မှာ အသည်းရောဂါ ဘီပိုး စီပိုး
ရှိသူတွေကို အခမဲ့ ကုသိုလ်ဖြစ် စမ်းသပ်ကုသပေးခဲ့ကြပါတယ်။
ယကနပါလ အသည်းစောင့်ရှောက်မှု အစုဖွဲ့ ၁ နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို မန္တလေးမြို့ ၃၁ လမ်းနဲ့ ၈၄ လမ်းထောင့်က ဓမ္မသာလခန်းမမှာ ဒီဇင်ဘာ ၁၂ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီမှာ အသည်းရောဂါ ဘီပိုး စီပိုးတွေကို ကူးစက်မှု ထိန်းချုပ်နိင်ဖို့ နဲ့ အခမဲ့ စမ်းသပ်ကုသပေးခဲ့တာ ဖြစ်ပါတယ်။
ယကနပါလ အသည်းစောင့်ရှောက်မှုအစုအဖွဲ့ စေတနာ့ ဆရာဝန် ဒေါက်တာ ဦးအောင်မင်းက “မြန်မာနိင်ငံမှာ အသည်း ဘီပိုး စီပိုး ရောဂါသည်များဟာ တိမ်မြုပ်နေတဲ့ ရောဂါတခုဖြစ်ပါတယ်။ ဒါတွေကို ကျနော်တို့ ရောဂါတွေကို ရှာဖွေဖော်ထုတ်မှသာလျှင် ကူးစက်မှုကို ထိန်းချုပ်နိင်မှာဖြစ်ပါတယ်။ အဲ့ဒီအပြင် ရောဂါ ဝေဒနာရှင်တွေကို ကြိုတင်သိလိုက်မယ်ဆိုရင် သူတို့ဘဝမှာ သက်တန်းစေ့နေနိင်မယ်လို့ ကျနော်တို့ ကြိုးစားဆောင်ရွက်ပေးနိင်မယ့်အချက် ရှိတဲ့အတွက်ကြောင့်မို့လို့ ဒီအစုဖွဲ့ကနေပြီးတော့ ဘီပိုး စီပိုးတွေကို အခမဲ့ စစ်ဆေးတာ၊ ရောဂါဖြစ်သူရဲ့ နေထိုင်ပုံတွေကို ပညာပေး အခြေခံကျန်းမာရေး စောင့်ရှောက်မှုဖြစ်အောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ ကျနော်တို့ဆီ ရောက်ရှိလာတဲ့ လူနာတွေကို ကျနော်တို့က စမ်းသပ်ခ အခမဲ့ ဆောင်ရွက်ပေးပါတယ်” လို့ ပြောပါတယ်။
အသင်းနဲ့ ချိတ်ဆက်ပြီး ပြည်ပမှာ ဆေးသွားကုချင်တဲ့ လူနာတွေအတွက်လည်း ကုန်ကျစရိတ် သက်သာအောင် နိင်ငံတကာ အသင်းဖွဲ့တွေနဲ့ ချိတ်ဆက်ပေးသလို လစဉ်တိုင်းမှာလည်း အခမဲ့ကုသဆောင်ရွက်ပေးတာဖြစ်ပြီး အသင်းကို လာရောက် မကုသနိင်တဲ့ လူနာတွေကိုလည်း အခမဲ့ အိမ်တိုင်ရာရောက် ကုသပေးနေတယ်လို့ ပြောပါတယ်။
“အဲ့ဒီအပြင် ကျနော်တို့နဲ့ ဆက်သွယ်ထားတဲ့ စနစ်တကျ စမ်းသပ်ပေးတဲ့ ဓာတ်ခွဲခန်းတွေနဲ့ ဆက်သွယ်ပြီး စမ်းသပ်ခတွေကိုလည်း တန်ဖိုးနှုန်း ချိုသာစွာနဲ့ သက်သာစွာရရှိအောင် ကျနော်တို့ ဆောင်ရွက်ပေးပါတယ်။ အဲ့ဒီအပြင် နိင်ငံခြားကို သွားရောက် ကုသခံရမယ့် လူနာများ ဖြစ်ပေါ်လာရင်လည်း ကျနော်တို့က နိင်ငံတကာ အဆင့်အစုဖွဲ့ကြီးတွေနဲ့ ကုန်ကျစရိတ်တွေကို အသက်သာဆုံးဖြစ်အောင် ကျနော်တို့ ဆက်သွယ်ပြီးတော့ ကုသပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ ပြီးတော့ ကျနော်တို့က အထက်မြန်မာပြည်မှာ မန္တလေးမှာဆိုရင်လည်း လစဉ်အမြဲတမ်း လစဉ် ၄ ရက် လူနာတွေကို အခမဲ့ ကုသပေးနေပါတယ်။ ဒီအပြင် ကျနော်တို့ဆီကို လာရောက်မကုသနိင်တဲ့ လူနာတွေရှိရင်လည်း လူနာတွေက ဖိတ်ခေါ်ရင်လည်း ကျနော်တို့သွားရောက်ကုသ ဆောင်ရွက်ပေးနေပါတယ်” လို့ ပြောပါတယ်။
ခုနှစ်ပတ်လည် ဂုဏ်ပြုတွေ့ဆုံပွဲ အခမ်းနားမှာ ဘီပိုး စီပိုး အခမဲ့ စစ်ဆေးပေးတာတွေ၊ ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါတယ်။
ယကနပါလ အသင်းကို မန္တလေးမြို့ လမ်း ၉၀၊ ၂၇ လမ်းနဲ့ ၂၈ လမ်းကြားမှာရှိတဲ့ မိုးကောင်းတိုက် မြစိမ်းကျောင်းမှာ ဖွင့်လှစ်ထားပြီး ဆေးဝါတွေကို လစဉ် ၁ လကို ၁ ထောင်နှုန်းနဲ့ လှုဒါန်းနိင်တယ်လို့ သိရပါတယ်။

မီးခိုးမှိုင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ဆေးရုံများတွင် လူနာဦးရေတိုးပွား
Posted by eh soe
Posted on 6:02 AM
with No comments
ထိုင်းနိုင်ငံမြောက်ပိုင်းမှာ မီးခိုးမှိုင်းတွေ ရက်ဆက်ဝေနေတဲ့အတွက်
ဆေးရုံမှာ ဝေဒနာရှင်ဦးရေ ပိုများလာတယ်လို့ သနေရှင်းထိုင်းသတင်းမှာ
ဖော်ပြပါတယ်။
မီးခိုးမှိုင်းတွေ သက်သာစေဖို့ ရေမှုန်တွေ ဖျန်းပက်ထားပေမယ့် သက်သာမှု မရှိဘဲ ဆေးရုံမှာ ဝေဒနာရှင်တွေ ပိုများလာတယ်လို့ ဌာနဆိုင်ရာတာဝန်ရှိသူတွေက ပြောပါတယ်။
မီးခိုးမှိုင်းကြောင့်ဖြစ်ပေါ်ရတဲ့ ဝေဒနာတွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ၊ နှလုံးနဲ့ သွေးကြောရောဂါ၊ မျက်စိနာနဲ့ အရေပြားအနာ ရောဂါ စသဖြင့် အုပ်စု ၄ စုရှိပြီး ချင်းမိုင်ခရိုင် နယ်မြေ ၁၀ ရောဂါတားဆီးကာကွယ်ရေးဌာနက ထိုင်းနိုင်ငံမြောက်ပိုင်းဒေသထဲမှာရှိတဲ့ ဆေးရုံကြီး ၇၅ ခုကို စောင့်ကြည့်ခဲ့တယ်လို့ သက်မွေးဝမ်းကျောင်းနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ရောဂါဌာန ဒုညွှန်မှူး နန်းဝိနား ဖတ်ဒီဆီရိဝိချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်၊ ချင်းရိုင်း၊ မယ်ဟောင်ဆောင်၊ ဖယောဝ်း၊ နန့်၊ ဖရဲ့၊ လမ်းပွန်းနဲ့ လမ်းပန်း စတဲ့ ခရိုင် ၈ ခုက ဆေးရုံတွေမှာ ခုရက်ပိုင်းအတွင်း မီးခိုးမှိုင်းကြောင့် ခံစားရတယ်လို့ ယူဆရတဲ့ နှလုံးနဲ့သွေးကြောဆိုင်ရာဝေဒနာရှင်ဦးရေ ၂၀၂၈ ဦးရှိတယ်လို့ ဒုညွှန်မှူးက ပြောပါတယ်။
အဲဒီရောဂါအုပ်စု ၄ စုထဲက လမ်းပွန်းခရိုင်ဟာဆိုရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ဝေဒနာရှင် ၁၀၂၇ ဦးနဲ့ အမြင့်ဆုံးဖြစ်ခဲ့ပြီး နောက်ဆုံးတွေ့ရှိချက်အရ ချင်းမိုင်မှာတော့ အထူးသတိထားစောင့်ကြည့်ရမယ့် ဝေဒနာရှင် ၂၈၅၅ ဦးရှိတယ်လို့ ဒုညွှန်မှူးရဲ့အပြောကို ကိုးကားပြီး သနေးရှင်းမှာ ဖော်ပြပါတယ်။